text
stringlengths 6
9.41k
|
---|
လိပ်တွင် အမွေးမရှိသည်ကို ရှိသကဲ့ သို့လည်းကောင်း၊ ပုစွန်တွင် သွေးမရှိ သည်ကို ရှိသကဲ့ သို့လည်းကောင်း တင်စားဖော်ပြထားခြင်းဖြစ်သဖြင့် တဒ္ဓမ္မူပစာ စကားများပင် ဖြစ်သည် |
ပါဠိ၌ ဘေဒူပစာကို အဘေဒဘေဒူပစာဟုလည်း ခေါ်သည် |
မကွဲပြားသော အရာဝတ္ထု ကို ကွဲပြားလေဟန် ပြောသောလည်း ကွဲပြားခြင်း မရှိဟု သိရ၊ အနက်ကောက်ရသော စကားမျိုး ဖြစ်သည် |
မြန်မာလို အတိုဆိုရသော် ကွဲဟန်ပြော မကွဲ ကောက်(ဝါ) အကွဲပြော မကွဲကောက် ဥပစာဟု ဆိုရ ပေမည် |
ပုံစံအားဖြင့် ငါ၏ကိုယ်ဟူသောစကား၌ ငါဟူသည် တစ်ဦး၊ ကိုယ်ဟူသည် တစ်ဦးကဲ့သို့ ကွဲပြား လေဟန် ဖြစ်သော်လည်း ငါသည်လည်းကိုယ်၊ ကိုယ်သည်လည်း ငါပင်ဖြစ်သောကြောင့် ကွဲပြားခြင်း မရှိဟု သိရ အဓိပ္ပာယ် ရသည် |
ဤသို့ မကွဲပြားသည်ကို ကွဲပြားသကဲ့သို့ ပြောခြင်း သည် ကွဲဟန်ပြော မကွဲကောက် (ဝါ) ဘေဒူပစာမည်သည် |
အထက်ပါ ဥပစာစကား ဆယ်ပါးသည် ယေဘုယျအားဖြင့် အများသိနေကြသော ဥပစာများ ဖြစ်ကြသည် |
သို့ရာတွင် ပုဒ်စစ်ကျမ်း၌ ဂုဏူပစာကို ထည့်၍မဆို၊ သမုဒါယူပစာကိုသာ ထည့်၍ ဥပစာ ဆယ်ပါးပြသည် |
သမုဒါယူပစာ ဆိုသည်မှာ အပေါင်း အဓိပ္ပာယ် ကောက်ယူ စေလို၍ အစိတ်ကိုပြောသော ဥပစာစကားမျိုး ပြောသောစကား ဖြစ်သည် |
ပုံစံအားဖြင့် ရောင်နောက် ဆံထုံးပါ ဟူသော စကား၌ ရောင်ကား ယောက်ျား တစ်ကိုယ်လုံး အစိတ်အပိုင်း တစ်ခုသာ ဖြစ်သကဲ့သို့ ဆံထုံးသည်လည်း မိန်းမတစ်ကိုယ်လုံး ၏ အစိတ်အပိုင်း သာ ဖြစ်သော်လည်း အနက်အဓိပ္ပာယ် အားဖြင့် ယောက်ျားနောက် မိန်းမပါရသည်ဟု ပေါင်း၍ ကောက်ယူရ ခြင်းမျိုး ဖြစ်သည် |
မောဂ္ဂလာနနိပဉ္စိကာကျမ်း၌ အထက်ပါ ဥပစာ ဆယ်ပါး အပြင် ဥပမေယူပစာ၊ တဗ္ဗဟုလ္လူပစာ၊ သမ္ဗန္ဓူပစာ ဟူ၍ ဥပစာ သုံးပါးပါထည့်၍ ဥပစာ ၁၃ ပါးဟု ပြသည် |
ယင်း ၁၃ ပါးသည် ပါဠိဘာသာ စကား၌ တင်စား ပြောဆိုပုံ ဖြစ်သည် |
ဥပမေယူပစာသည် အနှိုင်းခံကို အနှိုင်းနှင့်ထပ်တူပြု၍ တင်စားကာ ဆိုသော စကားမျိုး ဖြစ်သည် |
ပုံစံအားဖြင့် ဒေါသမြွေဟောက်၊ ပြင်းဆိပ်တောက်ဟူသောစကားမျိုး ဖြစ်သည် |
ဒေါသအမျက်၏ ပြင်းထန်ခြင်း၊ သတ်ည|င်းဆဲ တတ်ခြင်းကို မြွေဟောက်၏ အဆိပ်ထန်ခြင်း၊ သတ်ည|င်းဆဲ တတ်ခြင်းနှင့် ထပ်တူ အနှိုင်းပြု၍ တင်စားပြောဆိုထားခြင်း ဖြစ်သည် |
တဗ္ဗဟုလ္လူပစာ ဟူသည်မှာ များရာကို ပြောသော်လည်း တစ်ပါးအရာတို့လည်း အနည်းငယ်ပါဝင်သေး သည်ဟု ကောက်ယူရသောများရာပြော အနည်းပါကောက် ဥပစာ စကားမျိုးဖြစ်သည် |
ပုံစံအားဖြင့် အစိုးရက ရှားတောကို ကြိုးဝိုင်းထားသောကြောင့် ရွာသားတို့ ရှားမချက်နိုင်ဟူသော စကား၌ ရှားတော ဆိုသော်လည်း ရှားပင်ချည့် ရှိသည် မဟုတ်၊ အခြားအပင်မျိုး အနည်းငယ်လည်း ပါဝင်သေးသည်ဟု သိအပ် ကောက်ယူအပ် သကဲ့သို့ ဖြစ်သည် |
များရာကို စွဲ၍ ပြောဆိုသော ဥပစာစကားမျိုးဖြစ်သည် |
သဗ္ဗန္ဓူပစာမူကား ပါဠိ ဘာသာ စကား၌သာ သုံးလေ့ရှိ၍ မြန်မာဥပစာမဟုတ်ဟူ၍ မြန်မာစာတွင် ပယ်ထားသည် |
ဥပစာဆိုနည်းသည် စကားကို ခြုံဆိုသောနည်းဖြစ်သော ကြောင့် စကားကျဉ်းခြင်း၊ ကျုံ့ခြင်း အကျိုးရှိ၏ |
စာစီကုံးနည်း တို့တွင် စကားကျုံ့စီကုံးနည်း တစ်မျိုးပင် ဖြစ်၏ |
ဖြစ်ရိုး ဖြစ်စဉ်အတိုင်း ဖြောင့်ဖြောင့်ပြောဆိုသော စကားမျိုးမဟုတ်၊ ဆန်ကျင့်သော စကားမျိုး ဖြစ်သော်လည်း ဖြစ်ရိုးဆန့်ကျင် အဖြစ် ဖြစ်သည့် ဝိရောဓိ ဒေါသမှ ကင်းလွတ်သည့်အပြင် တင်စားဆိုနည်း ဖြစ်သောကြောင့် သမာဓိဂုဏ်မြောက်သည်ဟု အလင်္ကာ ကျမ်းဆရာတို့ မိန့်ဆိုကြသည် |
ဗလုံရွာ (အင်္ဂလိပ်: Balon)သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ဗလုံကျေးရွာအုပ်စုတွင် ကျား ၁၇၇၆ ဦး၊ မ ၂၂၉၅ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၇၁ ဦးနေထိုင်သည် |
အမှု—သူ၏အင်္ဂါသို့ ချိပ်တောင့်သွင်းမှု |
အမှုသည်—ဘိက္ခုနီတစ်ယောက် |
ရှင်ဘုရင်၏ မောင်းမဟောင်း(မိဖုရားငယ်)ဖြစ်ဘူးသော မိန်းမတစ်ယောက်သည် ဘိက္ခုနီပြုလုပ်နေ၏၊ အခါတစ်ပါး၌ အခြား ဘိက္ခုနီတစ်ယောက်သည် တဏှာရာဂ ထကြွသဖြင့် ဘိက္ခုနီဘဝ၌ မပျော်ပိုက်နိုင်အောင် ရှိလေ၏ |
ထိုအခါ ထိုဘိက္ခုနီသည် မောင်းမဟောင်း ဘိက္ခုနီထံကပ်၍ မေးမြန်းသည်မှာ-မိဖုရားတွေ အများကြီးထားသော ရှင်ဘုရင်သည် အရှင်မတို့ဆီသို့ အတော်ကြာမှ အလှည့်ကျမှာဘဲ၊ အဲဒီတော့ ကိုယ့်ဆီလာလှည့် မကျတဲ့အခါ ဘယ်လိုများ ချုပ်တည်းထားကြပါသလဲ |
ထိုအခါ ထိုမောင်းမဟောင်း ဘိက္ခုနီသည် ရှင်းရှင်းနှင့် ဘွင်းဘွင်း ပြောသည်မှာ- “ချိပ်တောင့်နှင့် ဖြေရတာပေါ့”တဲ့၊ ထိုဘိက္ခုနီမသည် သဘောမပေါက်၍ ချိပ်တောင့်အကြောင်းကို မေးပြန်ရာ, မောင်းမဟောင်းဘိက္ခုနီသည် စုံစုံလင်လင်ပြောပြလေတော့၏၊ ထိုအခါသဘောကျ၍ သူ၏ ထကြွမှုကိုလည်း ချိပ်တောင့်ဖြင့် ဖျော်ပြီးနောက် ရေဆေးရမည်ကို သတိမရဘဲ တနေရာ ပစ်ထားမိလေသည် |
ထိုအခါ ယင်တွေအုံနေသော ထိုဟာကို ဘိက္ခုနီတို့မြင်ကြ၍ စစ်ဆေး မေးမြန်းသောအခါ ထိုဘိက္ခုနီမသည် သူ့ဥစ္စာဖြစ်ကြောင်း ဝန်ခံရလေသည်၊ ထိုဘိက္ခုနီကို အများကပင် ကဲ့ရဲ့ရှုတ်ချ၍ တဆင့်အားဖြင့် ဘုရားရှင် ကြားသိတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည် |
ဇတုမဋ္ဌကေ ပါစိတ္တိယံ |
ချောမောသောချိပ်တောင့်ဖြင့် ပဿာဝမဂ်ကို သွင်းခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ဤသိက္ခာပုဒ်တော်အရ ချိပ်ဖြင့် ပြုလုပ်ထားသော အတောင့်သာမက, သစ်သား မြေညက်စသည်ဖြင့် ပြုလုပ်သော အတောင့်, အတန်ဟူသမျှ (ကြာဝတ်ဆံကလေးကိုမျှ) အင်္ဂါအတွင်းသို့ မသွင်းရ |
ဈေးတန်းရွာ (အင်္ဂလိပ်: Zaytan)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သာဂရကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ သာဂရကျေးရွာအုပ်စုတွင် ကျား ၆၄၅၀ ဦး၊ မ ၆၉၆၇ ဦး၊ လူဦးရေ စုစုပေါင်း ၁၃၄၁၇ ဦးနေထိုင်သည် |
ခင်အင်းကြီး (ကရင်)ရွာ (အင်္ဂလိပ်: Khininngyi(Kayin))သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ခင်အင်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ ခင်အင်းကြီးကျေးရွာအုပ်စုတွင် ကျား ၁၅၂၀ ဦး၊ မ ၁၆၃၇ ဦး၊ လူဦးရေ စုစုပေါင်း ၃၁၅၇ ဦးနေထိုင်သည် |
မက်လင်ပင်သည်မင်းကွတ်သီးနွယ်ဝင်တွင် ပါဝင်ပြီး မျိုးရင်း အမည်မှာ Clusiaceae ဖြစ်၍ယင်းကို ရုက္ခဗေဒအလိုအားဖြင့် Garcinia gummi-gutta (L.) N.Robson ( Syn: Garcinia cambogia Desr.) ဟုခေါ်သည် |
[၁] မက်လင်ချဉ်ပင်ကို မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်တွင် ပေါများစွာ ပေါက်ရောက်သည်ကို တွေ့ရသည် |
အပင်က အမြဲစိမ်းသောအပင်ကြီး evergreen tree ဖြစ်ပါသည် |
ကြီးမားပြောင်လက်နေသော အရွက်ကြီးတွေအပေါ်မှာ ဘေးဖက်ကို ထင်ရှားစွာထွက်နေသော ရွက်ကြော ၁၆ စုံက သိသာထင်ရှားသော လက္ခဏာတွေဖြစ်ပါသည် |
နောက်တစ်ချက်ထူးခြားတာက ဒီအပင်တွေက အရှေ့တောင်အာရှမှာဘဲ တွေ့ရသော အပင်တွေသာဖြစ်ပါသည် |
ပင်စည်မှာ fluted trunk နှင့်အတူ ဘေးဖက်ကို ဖြာနေသော အကိုင်းတိုတွေပါပါတယ် |
အဖိုပွင့်တွေက စိမ်းဝါရောင်ရှိသည်၊၊ အမပွင့်ကတော့ တပွင့်ထီးထီးသာဖြစ်ပါသည် |
အသီမှား အရည်ရွှမ်းပြီး အတွင်းသားမှာ Hydroxycittic Acid (HCA) ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် ခန္ဓာကိုယ်တွင်းမှ အဆီဖြစ်ပေါ်စေသော အင်ဇိုင်းကို တားဆီးပေးပါသည် |
Glycogen ပုံစံဖြင့်သာ သိမ်းဆည်းနိုင်အောင် ဆောင်ရွက်ပေး၍ အဆီပိုတွေ တက်မလာတော့ချေ |
ထို့နောက် ဆီရိုတိုနင် (Serotonin) ဓာတ်ကိုလဲ များစေသဖြင့် ရင်ခံခြင်းကို ဖြစ်စေကာ အစာစားချင်စိတ် လျော့နည်း စေပါသည် |
၂ဝ၁၁ ခုနှစ် လေ့လာတွေ့ရှိမှုအရ မက်လင်သီးဖြင့် ပြုလုပ်သော ဝိတ်ကျဆေးများသည် နှစ်ပတ်အတွင်း နှစ်ပေါင်ခန့် ကျစေနိုင်သည်ဟု သိရသည် |
မြန်မာနိုင်ငံတွင် မက်လင်သီးကို လျက်ဆားဖော်စပ်ရာ၌ အသုံး ပြု၍ ထိုလျက်ဆားကို မက်လင်ချဉ်လျက်ဆား အဖြစ်ဖြင့် လူသိ များသည် |
အချို့ဒေသတွင် အချဉ်ဟင်းချက်ရာ၌ မက်လင်သီး ကို အသုံးပြုကြသည် |
မြန်မာဆေးကျမ်းအလိုအရ မက်လင်သီးသည် အလွန် ချဉ်၏ |
ဝမ်း၊ လေချုပ်သောအနာ၊ သလိပ်နာ၊ လေနာတို့ကိုနိုင် ၏ |
ဝမ်းမီးကို တောက်စေတတ်၏ |
ကျင်ကြီး ကျင်ငယ်ကို ဖျက်၍ အောက်သို့ထုတ်တတ်၏ |
နှလုံးနှင့် ဆိုင် သောအနာ၊ ဘေးထိုး ရင်ကျပ်နာ၊ ရင်ပတ်နာ၊ ဂူနာတို့ကိုနိုင် ၏ |
သည်းခြေကို ပျက်စေတတ်၏ |
ကျင်ကြီး ကျင် ငယ်တို့၌ အပြစ်ဒေါသကို နိုင်၏ |
မောဟိုက်ခြင်း၊ ချောင်းဆိုး နာ၊ ပန်းနာ၊ အစာမကြေသောအနာ၊ အော့အန်ခြင်းတို့ကိုနိုင်၏ |
အိန္ဒိယဆေးကျမ်းအလိုအားဖြင့် မက်လင်သီး၏အသား နှင့် အစေ့ကိုပါ အဖျော်ရည်ပြုလုပ်၍ အသုံးပြုရာ အေးမြ၍ အဖျားကို ကျစေသည် |
ညဉ့်ချွေးထွက်ခြင်းကို သက်သာစေ၍ ဝမ်းချုပ်ခြင်းကို နိုင်လေသည် |
နတ်ချောင်းရွာ၊ ကျုံတွမ် |
နဂျီကုန်း (အနောက်)ရွာ၊ သစ်ဖြူကွင် |
သက်ကယ်ပြင်ရွာ (အင်္ဂလိပ်: Thetkeipyin)သည် ပဲခူးတိုင်းဒေသကြီး (အနောက်)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြောက်ကုန်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည် |
၂၀၁၄ သန်းခေါင်စာရင်းအရ မြောက်ကုန်းကြီးကျေးရွာအုပ်စုတွင် ကျား ၁၃၀၃ ဦး၊ မ ၁၄၈၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၇၈၆ ဦးနေထိုင်သည် |
ဒုတိယဂပ်စတားဗပ်ဟူသော ဘွဲ့အမည်ဖြင့် ဆွီဒင်ထီးနန်းကို ၁၆၁၁ ခုနှစ်တွင် ဆက်ခံသော ဂပ်စတားဗပ်အဒေါဖပ်သည် ဆွီဒင်ပြည့်ရှင် နဝမ ချားဘုရင်၏ သားတော် ဖြစ်လေသည် |
၁၅၉၄ ခုနှစ်၊ ဒီဇင်္ဘာလ ၉ ရက်နေ့တွင် စတော့ခ်ဟုမ်းမြို့တော် ရဲတိုက်ကြီးတွင် ဖွားမြင်သည် |
အသက် ၁၂ နှစ်အရွယ်တွင် လက်တင်ဘာသာ၊ အီတာလျံ၊ ဒတ်ချ်နှင့် ဂျာမန်ဘာသာစာပေ များကို နိုင်နင်းစွာ တတ်ကျွမ်းခဲ့သည် |
၁၆၁၁ ခုနှစ်တွင် နဝမ ချားဘုရင် နတ်ရွာစံသဖြင့် အသက် ၁၇ နှစ်သားမျှသာရောက်ရှိသေးသော ဂပ်စတားဗပ်သည် ဆွီဒင် ထီးနန်းကို ဆက်ခံ စိုးစံရသည် |
ဂစ်စတားဗပ်ဘုရင်ထီးနန်း ဆက်ခံပြီး၍ မကြာမီပင် သူ၏ခမည်းတော်လက်ထက်က ဒိန်းမတ်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ ရုရှနိုင်ငံတို့နှင့် စတင်ဖြစ်ပွားခဲ့သော စစ်ပွဲများကို ဆက်လက်တိုက်ခိုက်လေတော့သည် |
ဂပ်စတားဗပ် သည် စစ်ပွဲတိုင်း၌ပင် အောင်မြင်ခဲ့၏ |
၁၆၁၇ ခုနှစ်၊ စစ်ပြေ ငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့ရာတွင် ဗောလတစ်ပင်လယ်၏ အရှေ့ ဘက် ကမ်းရိုးတန်းတစ်လျှောက်ရှိ ပြည်နယ်များသည် ဆွီဒင်ပိုင် ဖြစ်လာလေသည် |
ထို့နောက် ပိုလန်နိုင်ငံနှင့် ၈ နှစ်ကြာမျှ တိုက်ခိုက်ခဲ့ရာတွင်လည်း အောင်ပွဲရသည်သာ များလေသည် |
ထိုအတောအတွင်း သူ၏စစ်တပ်ကို ဥရောပတိုက်တွင် အကောင်းဆုံးဖြစ်အောင် ပြုပြင်ဖန်တီးခဲ့လေသည် |
ထိုသို့ အောင်ပွဲများရပြီး နယ်မြေအများ သိမ်းပိုက်ရရှိကာ စစ် ပရိယာယ်ကြွယ်ဝ၍ ရဲစွမ်းသတ္တိရှိလှသောကြောင့် သူ့အား မြောက်ပိုင်းက ခြင်္သေ့ကြီးဟု ခေါ်ကြ၏ |
အုပ်ချုပ်ရေးဘက် တွင်လည်း အစွမ်းအစရှိသူဖြစ်သည့်အတိုင်း ဆွီဒင်နိုင်ငံတွင်း၌ ရွာသစ်များချက်ချင်း တည်ထောင်ပေးသည့်အပြင် ပညာ တိုးတက်ပြန့်ပွားရေးအတွက် အပ်ဆားလာတက္ကသိုလ်ကြီးကို တိုးတက်ချဲ့ထွင်နိုင်ရန် မြေများပေးအပ်လေသည် |
ဘဏ္ဍာရေး အခြေအနေကို တောင့်တင်းအောင် စီမံခဲ့သည် |
ဥပဒေသစ်များ ကိုလည်း ရေးဆွဲပြဋ္ဌာန်းပေးခဲ့သည့်အပြင် ဆွီဒင်နိုင်ငံ အုပ်ချုပ် ရေး စက်ယန္တရားကြီးတစ်ခုလုံးကိုလည်း ပြုပြင် ပြောင်းလဲလိုက် လေသည် |
သို့ဖြစ်၍ သူ၏ လက်ထက်တွင် စက်မှုလက်မှုလုပ်ငန်း များနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးခဲ့ လေသည် |
ဂပ်စတားဗပ်သည် ဥရောပ နှစ်သုံးဆယ်စစ်ပွဲကြီး တွင် ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ကိုယ်တိုင်က ပရိုတက်စတန့် ဂိုဏ်းဝင်ဖြစ်၍ ပရိုတက်စတန့်ဂိုဏ်းသားများဘက်မှ ကူညီရန် အတွက်သာမဟုတ်ဘဲ သူ၏ နိုင်ငံတော်ကို ဂျာမန်ပြည်နယ် ကမ်းခြေအထိ တိုးချဲ့ရန်အတွက်လည်း ဖြစ်ပေသည် |
၁၆၃၁ ခုနှစ်တွင် ဂပ်စတားဗပ်သည် ဆွီဒင်စစ်သည်တော် ပေါင်း ၃ဝဝဝဝ နှင့်အတူ ဂျာမနီပြည်မြောက်ပိုင်းတွင် တက် ရောက် တပ်စွဲ၍ တိုက်ပွဲ တစ်ပွဲပြီးတစ်ပွဲ အောင်မြင်ခဲ့လေသည် |
လိုက်ပဆစ်မြို့အနီး ဗရိုက်တင်ဖဲ တိုက်ပွဲတွင် ဗရင်ဂျီဂိုဏ်းဝင် ဩစတြီးယန်း ဗိုလ်ချုပ်တီးလီအား အောင်နိုင်လိုက်၏ |
ဤ တိုက်ပွဲမှာ နှစ်သုံးဆယ်စစ်ပွဲကြီးတွင် အကြီးကျယ်ဆုံးသော တိုက်ပွဲကြီး ဖြစ်လေသည် |
ဩစတြီးယန်း ဧကရာဇ်ဘုရင်သည် တီးလီ၏ နေရာတွင် ဗိုလ်ချုပ်ဗော်လင်းစတိုင်အား ခန့်၍ ဂပ်စတားဗပ်ကို တုံ့ပြန် တိုက်ခိုက်စေလေသည် |
ထို့နောက် ၁၆၃၂ ခုနှစ်၊ နိုဝင်ဘာလ ၆ရက်နေ့တွင် လွတ်ဆင်မြို့၌ ဂပ်စတားဗပ်၏ စစ်တပ်နှင့် ဗော်လင်းစတိုင်း၏ စစ်တပ်တို့ ဆုံမိကြ၍ ပြင်းထန်လှသော တိုက်ပွဲကြီးဖြစ်ပွား ခဲ့လေသည် |
ထိုတိုက်ပွဲတွင် ဗော်လင်းစတိုင်း၏ စစ်တပ်ကြီး လည်း ဖရိုဖရဲ ပြိုကဲပျက်စီးကာ ဆွီဒင်တို့က အနိုင်ရလိုက် သော်လည်း သူတို့၏ ရဲစွမ်းသတ္တိရှိလှသော ဂပ်စတားဗပ်ဘုရင် မှာ ကျည်သင့်ကျဆုံးသွားသောကြောင့် ထိုဆုံးရှုံးမှုကြီးနှင့် စာ သော် အောင်ပွဲမှာ မပြောပလောက်ပေ |
သို့သော်လည်း ထိုသို့ အောင်ပွဲရလိုက်သောကြောင့် ဂျာမနီပြည်တွင် ပရိုတက်စတန့် ဂိုဏ်း၏ အရေးမှာ စိတ်အေးသွားရပေတော့သည် |
ထို့ပြင် ဂပ်စတားဗပ်၏ ကြိုးပမ်းချက်များကြောင့် မြောက်ပိုင်းနိုင်ငံများ ထဲတွင် ဆွီဒင်နိုင်ငံမှာ စက်မှုလက်မှု လုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ အတိုးတက် အဖွံ့ဖြိုးဆုံးနိုင်ငံ ဖြစ်၍ ထိပ်တန်းသို့ ရောက်ခဲ့ရပေသည် |
ဂပ်စတားဗပ်အဒေါဖပ် နတ်ရွာစံပြီးသည့်နောက် ထီးနန်းကို သမီးတော် ခရစ္စတီနာ ဆက်လက်စိုးစံခဲ့လေသည် |
တာ့ဂျ်မဟာရ် (အင်္ဂလိပ်: Taj Mahal; ) သည် အိန္ဒိယနိုင်ငံ အာဂရာမြို့ပြင်၊ အာဂရာခံတပ်၏ အရှေ့ဘက် ၁ မိုင်ခန့်ဝေးသော လှပသည့် ဥယျာဉ်တစ်ခုတွင်း၌ တည်ရှိသည် |
ကြီးကျယ်ခမ်းနားသော ဂူသင်္ချိုင်းကြီးဖြစ်ပြီး မဂိုဘုရင် ရှားဂျာဟန် က သူ၏ ကွယ်လွန်ပြီးခဲ့သော အချစ်မြတ်နိုးဆုံးဇနီး မွန်တာဇ်မဟာရာ(ဂျ်) (Mumtaz Mahal) အတွက်ရည်စူး၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည် |
တာ့ဂျ်မဟာသည် မဂိုဗိသုကာပညာ၏ အကောင်းဆုံး ဥပမာတစ်ခုအဖြစ် ပြောနိုင်ပြီး အချို့က ကမ္ဘာပေါ်တွင် အလှဆုံးသော အဆောက်အအုံကြီးဟူ၍ ဆိုကြသည် |
တည်ဆောက်မှုစတိုင်တွင် ပါရှန်း၊ တူရကီ၊ အိန္ဒိယနှင့် အစ္စလာမ် ဗိသုကာစတိုင်၏ အစိတ်အပိုင်းများပေါင်းစပ်ပါဝင်နေသည် |
၁၉၈၃ ခုနှစ်တွင် တာ့ဂျ်မဟာသည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်နေရာများစာရင်းတွင် ပါဝင်လာခဲ့ပြီး "မူစလင်အနုပညာ၏ ရတနာ နှင့် အားလုံးက အံ့ဩလေးစားရလောက်သော အလွန်ပြောင်မြောက်သည့် ကမ္ဘာ၏အမွေခံအဆောက်အဦး" ဟု ဖော်ပြထားခဲ့သည် |
‘တာ့ဂျ်မဟာရ်’ဟူသည်မှာ ‘နန်းများ ထွတ်ခေါင်’ဟု အနက်ရ၏ |
ရှားဂျဟန်း ဧကရာဇ်ဘုရင် မင်းမြတ်၏ အလောင်းကိုလည်း ဤသင်းချိုင်း၌ပင် မြှုပ်နှံခဲ့ကြ လေသည် |
တာ့ဂျ်မဟာရ်အဆောက်အဦးအစုအဝေးကို ၁၆၄၈ ခုနှစ်ခန့်က ဆောက်လုပ်ပြီးစီးခဲ့ပြီး အူစတတ် အာမက် လာဟောရီသည် တာ့ဂျ်မဟာရ်၏ အဓိကပုံစံထုတ် တည်ဆောက်သူဖြစ်သည်ဟု ယူဆကြသည် |
မဂိုအင်ပိုင်ယာ၏ အချမ်းသာအကြွယ်ဝဆုံးအချိန်ဖြစ်သော ၁၆၃၁ ခုနှစ်တွင် မဂိုဘုရင် ရှားဂျာဟန်မှာ သူ၏ တတိယမြောက်ဇနီး မမ်တက်ဇ်မဟာရ် ကွယ်လွန်သွားသဖြင့် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်နေခဲ့သည် |
သူတို့၏ ၁၄ ယောက်မြောက်ရင်သွေးဖြစ်သော ဂေါဟာရာဘီဂမ်ကို မွေးဖွားစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည် |
မှတ်တမ်းမှတ်ရာများ အရ ရှားဂျာဟန်၏ ကြေကွဲဖွယ်အချစ်ဇာတ်လမ်းသည် တာ့ဂျ်မဟာကို ဆောက်လုပ်ဖြစ်ရန် စေ့ဆော်ပေးသော အချက်ဖြစ်သည် |
မမ်တက်ဇ်သေဆုံးပြီး မကြာမီတွင်ပင် တာ့ဂျ်မဟာရ်ကို စတင်ဆောက်လုပ်ခဲ့ပြီး အဓိက ဂူသင်္ချိုင်းမှာ ၁၆၄၈ ခုနှစ်တွင် ပြီးစီးခဲ့သည် |
ပတ်ဝန်းကျင်ရှိ အဆောက်အဦးများနှင့် ဥယျာဉ်များမှာ ၅ နှစ်အကြာတွင် ပြီးစီးခဲ့သည် |
Subsets and Splits